ကလေးငယ်ငယ် အသံဝင်ခဲ့ရင်
အသံဝင်တာက လူကြီးတွေနဲ့ပဲ ဆိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကလေးလေးတွေကလည်း အသံပိုင်ဆိုင်ထားသလို အော်တာဟစ်တာ၊ ငိုတာတွေ လုပ်တာကြောင့် ကလေးတွေမှာလည်း အသံဝင်နိုင်ပါတယ်။ ဒီတော့ ကလေးလေးမှာ အသံဝင်လားဆိုတာကို ဘယ်လို သိနိုင်မလဲ? ကလေးအသံဝင်နေရင် ဘယ်လိုသက်သာအောင် လုပ်ရမလဲ ဆိုတာကို ပြောပြပေးမှာမို့ ဒီစာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်နော်။
ကလေးက အသံဝင်နေလားဆိုတာ ဘယ်လိုသိနိုင်မလဲ?
ကလေးအသံက ပုံမှန် မဟုတ်ဘဲ အက်တက်တက်ဖြစ်နေတယ်ဆိုရင် သေချာတာက ကလေးလေး အသံဝင် နေတာပါ။ ဘယ်လိုအရာတွေက ကလေးကို အသံဝင်စေလဲ? ဆိုတာကိုတော့ ဆက်ကြည့်လိုက်ဦးစို့နော်။
ဘယ်လိုအရာတွေက ကလေးကို အသံဝင်စေလဲ?
ကလေးကို ဒီလို အခြေအနေတွေက အသံဝင်စေတာပါ။
- ကလေးက ကိုယ်ခံအားနည်းတာ
- တစ်ချိန်လုံး ငိုနေတာ
- အချိန်ကြာမြင့်စွာ ငိုတာ
- ခဏခဏ ငိုတာ
- အဖျား ဝင်တာ
- နှာခေါင်း ပိတ်တာ
- စားချဉ့်ရည် ပြန်ဆန်တက်တာ
- အသံအိုးမှာ အဖုလေးတွေ ထွက်နေတာ
- အသံအိုး မျက်နှာပြင်မှာ ကြွက်နို့လို အဖုလေးတွေ ထွက်တာ
- အကျိတ်ဖြစ်တာ
- ထိခိုက်မိတာ
- မွေးရာပါ အသံအိုးပြဿနာရှိတာတွေကြောင့်ပါ။
ကလေးငယ်ငယ် အသံဝင်ခဲ့ရင် သက်သာစေဖို့
ကလေးငယ်ငယ် အသံဝင်တာကို သက်သာစေဖို့ဆိုရင် အခုလိုလေး ဂရုစိုက်ပေးပါနော် မေမေတို့ရေ
- မိခင်နို့ များများ တိုက်ပါ
ကလေးက နို့စို့ အရွယ်ဖြစ်မယ်ဆိုရင် ကလေးကို မိခင်နို့ ဝင်နိုင်သမျှ ဝင်အောင် များများ တိုက်ပေးပါ။
ကလေးက ၆ လအထက် ဖြစ်မယ်ဆိုရင် ကလေးကို မိခင်နို့ အပြင် သောက်ရေများများ တိုက်ပေးပါ။ ရေဓာတ် ပြည့်ဝတာက အသံဝင်တာကို သက်သာစေနိုင်ပါတယ်။
- မငိုအောင် ထားပါ
ကလေးက ငိုရင် အသံဝင်တာ ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ပြင်းပြင်းထန်ထန် မငိုအောင် ဂရုစိုက်ပေးပါ။
- ရေနွေးနဲ့ ရေချိုးပေးပါ
ကလေးကို ရေနွေးနဲ့ ရေချိုးပေးတာက အသံဝင်တာကို သက်သာစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ ရေနွေးနွေးလေးမှာ ကလေးကို ချိုးပေးပါ။
- ဆေးလိပ်ငွေ့ မထိပါစေနဲ့
ဆေးလိပ်ငွေ့က အသံဝင်တာကို ပိုဆိုးစေပါတယ်။ ဒါကြောင့် ကလေးက အသံဝင်နေတယ်ဆိုရင် ဆေးလိပ်ငွေ့ မထိမိအောင် ဂရုစိုက်ပေးပါ။
- အစိုဓာတ် ရအောင် ဂရုစိုက်ပါ
ရေနွေးငွေ့ ရှူခိုင်းတာ အစိုဓာတ် ထိန်းစက်ဖွင့်ပေးတာကလည်း ကလေးကို အသံဝင်တာ သက်သာစေမှာပါ။
ကလေးငယ်ငယ် အသံဝင်မှုကြောင့် ထိခိုက်မှု ကင်းစေဖို့ ဒီနည်းလမ်းလေးတွက အသုံးဝင်မှာပါ။
မွန်မွန်